ရဲဘော်
နွေလည်လရက် တရက်မှာ
ငါတို့ ကိုရဲဘော် ခွဲထွက်သွားခဲ့တယ်။
ရဲဘော်ရဲ့  ဈျာပနကို
ငိုရှိုက်ခြင်းနဲ့  ပို့ ဆောင် ဂုဏ်ပြုဖို့ 
ငါတို့ မှာ အချိန်မရှိ။
ရဲဘော်ရဲ့  ရုပ်တုကို
ယဉ်ကျေးစွာ ထုလုပ်ဖို့ …ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့ 
ငါတို့ မှာရွှေသားမရှိ။
ဒါပေမယ့်
သွေးတွေ ရွှဲနစ်နေတဲ့
ရဲဘော်ရဲ့ အင်္ကျီကို
ငါတို့ အလံထူလို့ 
ရှေ့သို့ ရှေ့ကို
ရှေ့ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့ရဲဘော်။ ။
ဌေးအောင်
( ABSDF)
Friday, January 5, 2007
Subscribe to:
Posts (Atom)